အပိုင်း(၂)
@@@@@@@@@@@@@@@@
နောက်တစ်နေ့ သူနှင့် ၀ဿန် ဆုံဖြစ်တဲ့အကြောင်း ၊ သူ့ရင်ထဲကခံစားရတဲ့ အကြောင်းတွေကို ကိုအောင် ကိုပြောပြတော့..........
``အဲဒါ အချစ်ဘဲ သူငယ်ချင်း မင်းတကယ်ဝဿန်ကို
ချစ်မိသွားတာဘဲ´´
``ငါလည်းထင်တယ်´´
``တင်မနေနဲ့ ဟေ့ကောင် ၊ မြန်မြန်လှုပ်ရှားကွာ ၊
သူများမဦးခင်´´
``အေး..ငါလည်းစဉ်းစားနေတယ်´´
``အေး...စဉ်းစား..စဉ်းစား...၊ ပြီးမှ သူများနောက်
ပါသွားမှ မျက်ရည်ပိုးပိုးပေါက်ပေါက် လာမကျပြနဲ့´´
``မင်းကလဲကွာ မဦးမချွတ်´´
``ဟာ..ဟိုမှာ ပြောရင်းဆိုရင်း ၀ဿန်ဒေ၀ီ အဖွဲ့
ကြွချီလာပြီ´´
သူလှည့်ကြည့်လိုက်တော့
တစ်ယောက်ကိုတစ်ယောက် စနောက်ရင်း ၀ဿန်တို့အဖွဲ့ လာနေတာကိုတွေ့ရသည်။ ၀ဿန်က
သူ့ကိုမြင်သွားတော့ ပြုံးပြပြီး သူတို့ထိုင်နေသောဝိုင်းကို
ဦးတည်ပြီးလျှောက်လာလေသည်။ အကုန်လုံးဝင်ထိုင်ပြီးချိန်မှာတော့ ၀ဿန်က
သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးလေသည်။
``ကဲ...အားလုံးပဲ ၀ဿန်က စပြီးမိတ်ဆက်ပေးမယ် ။
ဒီတစ်ယောက်က ၀ဿန်တို့အဖွဲ့ရဲ့ ပဲအများဆုံး
ဝတ်ရည်တဲ့´´
``ဟဲ့ .. ၀ဿန်မ နင်နော်´´
``ဟေ့..မဟုတ်လို့လား´´
``အင်း..ဟုတ်တယ်´´
ဆိုတော့ အားလုံးရယ်ကြသည်။ ဆက်ပြီး ၀ဿန်က.....
``ဟုတ်နေတာကို ပြောနေသေးတယ်၊
ဒီဘက်ကတစ်ယောက်ကတော့ ၀ဿန်တို့အဖွဲ့ရဲ့
အရပ်အပုဆုံး သီတာတဲ့´´
``၀ဿန်မနော်....နင်တွေ့မယ်´´
``အခုလည်းတွေ့နေတာဘဲလေ။ ဟိုဘက်ကနှစ်ယောက်
ကတော့ ၀ဿန်တို့အဖွဲ့ရဲ့ ဖြူဖြူဖွေးဖွေး လှတပတ
သုံးယောက်ထဲကိုမှားပြီးရောက်လာတဲ့ ကုလားညီအစ်ကို
သူရ နှင့် ဇော်ဇော် တဲ့´´
``၀ဿန် နင်နာတော့မယ်´´
``မဟုတ်လို့လား..ငါပြောတာ´´
ဝတ်ရည် နှင့် သီတာ ကလည်း ပြိုင်တူပင်.......
``ဟုတ်တယ်လေ...ကုလားညီအစ်ကိုလေ´´
အကုန်လုံး
ဝိုင်းရယ်ကြလေသည်။ တော်တော် အစအနောက် သန်တဲ့အုပ်စု။သူကလည်း သူ့နာမည် နှင့်
ကိုအောင် နာမည်ကို မိတ်ဆက်ပေးတော့ အရပ်ပုပု သီတာက .....
``ကိုအောင်ဆိုတော့ ကောင်ကိုပေါ့နော်´´
ပဲများတဲ့ ၀တ်ရည်ကလည်း.........
``အော်.... မပျိုဘဲနဲ့ အိုနေတဲ့ အကောင်အိုပေါ့နော်´´
လို့
စလိုက်လျှင် ကိုအောင်မျက်နှာက ရှုံတွနေလေသည်။ ကိုအောင် ပုံစံကိုကြည့်ပြီး
ဝိုင်းရယ်ကြပြန်လေသည်။ အဲဒီနေ့က စပြီး ကိုအောင် နာမည်ပျောက်ပြီး
အကောင်အိုဖြစ်သွားလေသည်။သူ့ကိုတော့ ကိုမျိုးလို့ဘဲ တညီတညွတ်တည်း ခေါ်ကြသည်။
တော်သေးသည် သူ့နာမည်ကို မဖျက်ကြလို့.....ဒီလိုနဲ့ဘဲ သူတို့တွေ
သူငယ်ချင်းဖြစ်သွားကြလေသည်.....။
@@@@@@@@@@@@@@@@@@@@@@@@
ဆက်လက်ဖော်ပြပါမည်.......
ကြိုးစားလျှက်..........
♥♥♫ချစ်သူမောင်♫♥♥
Tuesday, January 31, 2012
Saturday, January 28, 2012
♥ မိုးဝဿန် ♥ (အပိုင်း ၁)
အပိုင်း(၁)
@@@@@@@@@@@
သူတို့အမြဲတမ်း ထိုင်နေကြ လ္ဘက်ရည်ဆိုင်မှာ ထိုင်ပြီး သူ့သူငယ်ချင်း ကိုအောင် ကို စောင့်နေသည်။ ကိုအောင် ကလည်း ဒီနေ့မှဘာလို့နောက်ကျနေသည် မသိ။ ခါတိုင်းဆိုလျှင် ဒီလိုနောက်မကျတတ်ဘူး။လ္ဘက်ရည်ဆိုင်အတွင်းမှာတော့ လူစည်ကားပြီး အသံတွေကဆူညံနေသလို အပြင်လမ်းမပေါ်မှာလည်း လူတွေက မျက်စိနောက်စရာကောင်းလောက်အောင် ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြသည်။သူလည်း လမ်းမဘက်ကိုငေးပြီးတော့ ဟိုတွေးဒီတွေးနဲ့ တွေးမိတွေးရာတွေးနေပြီး ...........တွေးရင်းကနေ ဒီနေ့ရာသီဥတုသာယာ တဲ့ အကြောင်းကို ရောက်သွားသည်။ ဟုတ်တယ်.... ဒီနေ့ရာသီဥတုသာယာ နေသည်။ မိုးရာသီရဲ့ရက်တွေအတိုင်း မိုးတွေကနေ့တိုင်းလိုလို အဆက်မပြတ် ရွာနေသည်။ ဒီနေ့မှ မိုးမရွာဘဲ သာသာယာယာရှိနေတော့ လူတွေလည်း သူတို့သွားချင်တဲ့ နေရာတွေကို ကောင်းကောင်းမွန်မွန်သွားလာနေကြတာပေါ့ ။ မိုးရွာလည်း သွားလာစရာရှိတဲ့လူက သွားလာနေမှာဘဲလေ..........။
``ဟောဗျာ´´
သူ့အတွေးထဲမှာ ရာသီဥတုသာယာနေသည်ကို ပြီးဆုံးအောင် မတွေးရသေးဘူး။အနောက်အရပ်ဆီမှ တိမ်ညို ၊ တိမ်မဲ တို့က တလိပ်လိပ်တက်လာပြီး ခုနတုန်းကသာယာနေသော ပတ်ဝန်းကျင်က ရုတ်ချည်းပြောင်းလဲသွားတော့သည်။မကြာပါဘူး လေခတ်ပြင်းပြင်းတိုက်ချက် နှင့်အတူ ပူနွေးခြောက်သွေ့နေသော ကမ္ဘာကြီးကို စိုစွတ်ပြီး ချမ်းအေးသွားအောင် လုပ်ပြစ်မယ်ဆိုတဲ့ အငြိုးနဲ့ ကောင်းကင်ပေါ်က မိုးစက်မိုးပေါက်တို့ အပြေးကျဆင်းလာသည်။ လမ်းမပေါ်မှာ လှုရှားသွားလာနေသော လူတေါလည်း ရုတ်တရက်ရွာချလိုက်သော မိုးကြောင့် နိးစပ်ရာနေရာတွေကို ၀င်ပြီးမိုးခိုကုန်ကြသည်။သူထိုင်နေသော လ္ဘက်ရည်ဆိုင်တွင်လည်း ခဏအတွင်း လူတွေများပြားသွားသောကြောင့် ခုံလွတ်တောင်မရှိတော့ပေ........။ဆိုင်ရှင်လူကြီးကတော့ သည်းကြီးမဲကြီးရွာနေသော မိုးကိုကျေးဇူးတင်နေမှာဘဲဟု သူတွေးမိသည်။
``ခဏထိုင်မယ်နော်´´
ကြားဖူးးနေကြ အသံတစ်သံ။မော့ကြည့်လိုက်တော့ သူတို့နှင့် ဒီဆိုင်မှာအမြဲတွေ့နေကြ မျက်မှန်တန်းမိနေသော အုပ်စုထဲက ကောင်မလေးတစ်ယောက်။အခြားခုံတွေလည်း လူပြည့်နေတော့ ကောင်မလေးက သူတစ်ယောက်တည်း ထိုင်နေသောဝိုင်းတွင် ထိုင်ရန်ခွင့်တောင်းနေခြင်းဖြစ်သည်။
``ထိုင်လို့ရပါတယ်နော်´´
သူဘာမှ ပြန်မပြောမီမှာဘဲ ကောင်းမလေးထံမှ ထပ်ပြီးစကားသံ ထွက်လာပြန်သည်။အဲဒီတော့မှ သူလည်း.........
``ဟုတ်ကဲ့ ထိုင်ပါ။ ထိုင်လို့ရပါတယ်´´
ဟုပြောတော့မှ ကောင်မလေးက၀င်ထိုင်လိုက်ပြီး..........
``သူငယ်ချင်းကိုစောင့်နေတာလား။
ဝဿန်လည်း သူငယ်ချင်းတွေကို
စောင့်နေတာ။ခါတိုင်း သူငယ်ချင်းတွေ
နဲ့ဒီဆိုင်မှာထိုင်နေကြလေ။ဒီနေ့ တစ်ယောက်တည်း
ဝင်မထိုင်ရဲလို့ ကားမှတ်တိုင်မှာသူငယ်ချင်းတွေ
ကို ရပ်စောင့်နေတာ။ မိုးရွာတော့မှဝင်လာတာ
ဟိ..ဟိ.......´´
ကောင်မလေးကပြောလည်းပြော သူဟာသူပြောပြီး သဘောတွေကျကာ ရယ်လည်းရယ်.......
``အော်..ဟုတ်ကဲ့ ၊ မိုးကလည်းတော်တော်
သည်းတယ်နော်´´
``အင်း..ဟုတ်တယ် ၊ ခုနတုန်းက ကျတော့
နေပူနေပြီးတော့ အခုကျတော့လည်း တခြားစီနော်´´
``အင်း..ဟုတ်တယ်´´
``နာမည်ဘယ်လိုခေါ်လဲဟင်´´
``ကျွန်တော်နာမည်လား ၊ မျိုးကို ပါ ။
ဒီကနာမည်က ၀ဿန် ဟုတ်ပါတယ်နော်´´
``ဟယ်....တို့နာမည် ဘယ်လိုသိတာလဲ´´
``ဒီလိုဘဲ ၀ဿန့်သူငယ်ချင်းတွေ ခေါ်နေတာကို
အမြဲကြားနေရတော့ သိနေတာပါ´´
``အော်....ဒီလိုလား...မျိုးကိုဆိုတော့ ကိုမျိုး လို့ဘဲ
ခေါ်မယ်နော် ကိုမျိုး´´
``ရပါတယ်....အဆင်ပြေသလိုခေါ်ပါ ။ ဒါနဲ့ ၀ဿန်
ဆိုတော့ မိုးပေါ့။ မိုးရာသီမှာမွေးတာလား´´
``အင်း...ဟုတ်တယ် ကိုမျိုး ပြီးတော့ ၀ဿန်က
မိုးရာသီကိုအရမ်းကြိုက်တယ်´´
ကောင်မလေးက စကားပြောတာ ပွင့်ပွင့်လင်းလင်းလည်း ရှိသလို အသံကလည်းနားဝင်ချိုလှသည်။ကောင်မလေးက သူ့ကို ကိုမျိုးလို့ ခေါ်တာကိုက သူ့အတွက်ကျေနပ်စရာ ဖြစ်နေသည်။ ၀ဿန်နှင့် စကားပြောရတာကိုလည်း သူသာယာနေမိသည်။ သူ့ရင်ထဲမှာလည်း အမျိုးအမည်မသိသော ခံစားချက်တစ်မျိုးက ၀င်ရောက်နေရာ ယူထားသည်ကို သူသတိထားမိသည်။ဘယ်လိုပြောရမှန်းကို မသိသော ခံစားချက်ပါ။
``ဟော .. ဟိုမှာ...သူငယ်ချင်းတွေလာနေပြီ ၊
သွားတော့မယ်နော် ကိုမျိုး´´
``ဟုတ်ကဲ့ပါ .. ၀ဿန်´´
``နင်တို့က တော်တော်နောက်ကျတာဘဲ...
သင်တန်းချိန်တောင် နောက်ကျတော့မယ်
အေးအေးဆေးဆေးတောင် စကားမပြောရတော့ဘူး´´
ဆိုပြီး သူ့သူငယ်ချင်းတွေကို ပွစိပွစိပြောရင်းနဲ့ ထထွက်သွားသောကောင်မလေးကို ကြည့်ပြီး သူ့ရင်မှာဟာကျန်ခဲ့သည်။ သူ့စိတ်အာရုံကလည်း ကောင်မလေးနှင့်အတူ ကပ်ငြိပါသွားသည်။ သူ ကောင်မလေးနှင့် တစ်နေကုန်စကား ထိုင်ပြောချင်နေမိသည်။အဲဒါဘာကြောင့်လဲ..........။ ၀ဿန်ဆိုတဲ့ကောင်မလေးကို ချစ်မိသွားလို့လား။ ဟုတ်တယ်....ဖြစ်နိုင်သည်။ သူ့ရင်တွေလည်းတဒိုင်းဒိုင်းခုန်နေသည်။
မိုးသည်းသည်းမဲမဲရွာတဲ့နေ့မှာ ခင်မင်ခွင်ရတဲ့ ၀ဿန်ဆိုတဲ့ ကောင်မလေးရယ် ငါရင်ထဲမှာလည်း မိုးနဲ့အတူ ဆူညံနေပါသည်။ အပြင်မှာလည်း မိုးက သည်းသည်းမဲမဲရွာကောင်းနေဆဲ..........။မိုးရေ ကျေးဇူးတင်ပါတယ်...........။
အချိန်တော်တော်ကြာ စောင့်သောါလည်း ကိုအောင် ရောက်မလာ သဖြင့် သူလည်းအိမ်ပြန်လာခဲ့သည်။
@@@@@@@@@@@@@@@@@@@@@
ဆက်လက်ဖော်ပြပါမည်..........
ကြိုးစားလျှက်........
ချစ်သူမောင်..........

♥ ♥ သူငယ်ချင်း ♥ ♥
သံယောဇဉ်တွေနှင့် ချည်ခဲ့တဲ့ ကြိုးတွေဟာ
ရိုးသားခြင်း များစွာနှင့် အစပြု ရစ်ပတ်ခဲ့တယ်။
မျက်ဝန်းအကြည့်များစွာ ၊ အမူအယာပေါင်းများစွာနှင့်
တစ်ယောက်ရဲ့လက်ကို တစ်ယောက်က ဖြုတ်မချရက်ခဲ့ဘူး။
တစ်ယောက်ရဲ့ချွေးစက်ကို တစ်ယောက်က
အပြုံးကလေးတွေနှင့် ဖြေသိမ့်ပေးခဲ့ရှာတယ်။
အတားအဆီးများစွာ၊ လောကဓံပေါင်းများစွာ
အရာရာဟာ သူတို့ရဲ့ ခိုင်မာတဲ့ သစ္စာတွေကို
ပိုပြီးတော့ အရောင်လက်စေခဲ့ပြန်တယ်။
အဖြူထည်ကိုအခြေခံတဲ့ ချစ်ခြင်းတရားတွေမှာ
မျှော်ကိုးမှုတွေဖြစ်ပေါ်မလာတတ်ဘူး။
တစ်ယောက်က နာကျင်နေရင်
တစ်ယောက်က ၀မ်းနည်းနေမယ်။
တစ်ယောက်က ပျော်ရွှင်နေရင်
တစ်ယောက်က ၀မ်းသာနေမယ်။
သူတို့ပျော်ရွှင်နေတဲ့အခါ ဘေးလူတွေတောင်
ငေးယူရလောက်အောင်.....။
သူတို့နာကျင်နေတဲ့အခါ အများကလည်း
မမြင်ရက်လောက်အောင် မျက်နှာလွှဲခဲ့ကြပြန်တယ်။
တစ်ခါတစ်ခါတော့လည်း လောကရဲ့ ကြမ်းတမ်းမှုတွေက
တွဲလက်တွေကို နာကျင်စေခဲ့တယ်။
ဒါပေမဲ့ အပြုံးမပျက်တဲ့သူတွေလေ
စိတ်အခန့်မသင့် ငါးမိနစ်
နာကျင်တဲ့အခါ တစ်ရက်လောာက်နှင့်
သူတို့တွေရဲ့အနာဂတ်လမ်းကို ချီတက်ခဲ့ကြတယ်။
ရဲဝံ့စွာ၊ တက်ကြွစွာ၊ နားလည်စွာ၊ ဖေးမမှုများစွာနှင့်
`မောင်ရှေ့ကသွား...
မေ နောက်က လိုက်မယ်လေ...´ တဲ့...။
P.S August 2011 ထုတ် အပျိုစင် Magazine ပါ တိုးနွေး (မန္တလေး) ရဲ့ ကဗျာကိုကြိုက်လွန်းလို့ ဝေမျှပါသည်။
♥♥♫ချစ်သူမောင်♫♥♥
မေ့သွားသော မောင့်ဆီသို့ မမေ့သေးသောမေ့ထံမှပေးစာ
တစ်နေ့ အလုပ်ကပြန်အလာမှာ
စာတစ်စောင်ကောက်ရလို့ဖတ်ကြည်.လိုက်တော့ကျွန်တော်မှာငိုရမလိုရယ်ရမလို
ဘယ်လိုပြောရမယ်မှန်းတောင် မသိတော.ဘူး .......သူငယ်ချင်းများကိုလည်း
ဖတ်ရအောင် ဝေမျှပေးလိုက်ပါတယ်......
သို့
မေ့ကိုမေ့သွားသောမောင်
မမေ့သေးသော မေစာရေးလိုက်တယ်...........
သုံးနှစ်သုံးမိုး မေ့ဆီကို စာလေးတစ်စောင်တောင် မရေးဘဲ မေ.ကို မေ့နေပြီလား မဟုတ်လား..... မေကတော့ မောင့်ကို တစ်နေကမှမေ့လို့မရပါဘူး........စားတဲ.အချိန်လည်း မောင့်ကိုသတိရတယ်........အိပ်တဲ့အချိန်လည်း မောင်.ကိုသတိရတယ်........ကုန်ကုန်ပြောရရင် အိမ်သာတက်လည်းမောင့်ကိုသတိရတယ်........မောင့်ကိုသတိရတိုင်း ရွာထိပ်က ဘုရားကိုသွားပြီးမောင် မြန်မြန်ပြန်လာပါစေ၊ မောင်အဆင်ပြေပါစေလို့ ဆုတောင်းဖို.သွားရလွန်းလို့ရွာထိပ်ကို သွားတဲ.လမ်းတောင် မြောင်းကြီး ဇြစ်သွားပြီ..... မောင်ကတော. ရန်ကုန်မြို.ကြီးမှာ မလုံ့တလုံ့ဝတ်ထားတဲ.ကောင်မလေး ချောချောလေး တွေကိုမြင်ပြီးမေ.ကို မေ့သွားပြီ မဟုတ်လား.....
မေကတော့မောင့်ကိုချစ်လိုက်ရတာ မောင်လို့ အဖေမ၇ှိ အမေ မရှိ ၊တစ်ကောင်ကြွက် ၊မျက်နှာမွဲ ၊ ဘုန်းကြီးကျောင်းသား ကိုအများက မကြိုက်ပါနဲ.လို့ တားခဲ့တာတောင် မေ ကမောင့်ကိုချစ်ခဲ့ပါတယ်......မောင်ပြောတော့ ရန်ကုန်ဲမို.ကြီးကိုမသွားချင်ပါဘူးဆို .....မေကတောင်အတင်းပြောပြီးလွှတ်ရတယ်လေ.....ပညာရေးဘဲကြိုးစားမယ်ဆိုပြီးထွက်သွားပြီးတော့...အခုတော.ကောင်မလေးပိန်ပိန် ကပ်ကပ်လေးတွေနဲ. လျှောက်သွားနေတယ်ဆို......မေ့မှာတော့ရွာမှာ မေ့ကို ချစ်လှပါ ရဲ့ကြိုက်လှပါရဲ့ဆိုပြီးအနားကပ်လာတဲ့ သူကြီးသားတွေကိုတောင်တစ်ယောက်မှ အနားကပ်မခ့ပါဘူး.....ရန်ကုန်မြို.က မိန်းကလေးတွေလည်းတော်တော်ဘဲ မပြောလိုက်ချင်ဘူး....မောင့်လိုပိုက်ဆံမရှိ ၊ ရုပ်မချောတဲ.လူကိုမျာားကိုက်ကြတယ်လို့......မေက မောင့်ကို ရန်ကုန်မြို.ကကောင်မလေးတွေကြိုက်မှာမဟုတ်ဘူးဆိုပြီးလွှတ်လိုက်တာပါ......ကြိုက်မယ်မှန်းသိ၇င်မလွှတ်ပါဘူး.....မောင်ရေ.....ရန်ကုန်မြို.က ပိန်ပိန်ကပ်ကပ်ကောင်မလေးတွေကိုမေ.ပြီး....လှလှပပ၀၀တုတ်တုတ် ကွမ်းတောင်ကိုင် မေ့ ဆီကို အမြန်ပြန်လာပါနော်.......
မေ့ ကိုမေ့ နေသော မောင့်ကို သုံးနှစ်သုံးမိုး မမေ့ သေးတဲ.မေ စောင်.မျှော်နေပါတယ်.....

အမေ.အတွက်ဓာတ်ပုံ........
မြို.ပေါ်ရောက်နေသော သားကို ရွာကအမေက အလွှမ်းပြေကြည်.ရန် ဓာတ်ပုံထည်.ပေးလိုက်ဖို.မှာလိုက်သောအခါ.........
သားက သူ. သူငယ်ချင်းကို ဓာတ်ပုံရိုက်ပေးရန် အကူအညီတောင်းပါတယ်......
သူငယ်ချင်းကလည်းရိုက်ပေးမယ်ပြောပြီး ပန်းခြံတစ်ခုထဲကိုသွားကြပါတယ်.........
ဓာတ်ပုံရိုက်မယ်.နေရာကို သစ်ပင်ကြီးတစ်ပင်အောက်ကို ရွေးချယ်လိုက်ကြပါတယ်.......
အဲဒီမှာသားက ``ငါသစ်ပင်နောက်ကိုဝင်နေပြီးရိုက်မယ်´´ လို.ပြောပါတယ်
သူငယ်ချင်းက ``ဘာလို.လဲ´´ လို.မေးတယ်
သားက ``ငါ.အမေကိုအံ့သြစေချင်လို.´´ပြောတယ်
သူငယ်ချင်း ``ဘယ်လိုအံ့သြစေချင်တာလဲ ငါနားမလည်တော.ဘူး´´
သား ``ငါသစ်ပင်နောက်မှာရပ်နေပြီး.....ငါအမေကဓာတ်ပုံကြည်.တော့မှ ဘွားကနဲဆိုပြီး ငါအမေကိုထွက်ပြမယ်ဆိုပြီး´´ပြောလိုက်ပါတယ်.........

ဝဋ်ဆိုတာလည်တတ်ပါတယ်.........
``ဟေ့´´
``ဟာ! မလုပ်နဲ.လေ ညိုညို´´
``အို! ဘယ်လိုလုပ်လိုက်တာလဲ ´´
ကစားနေရင်းကနေ လုပ်လိုက်တဲ့ ညိုညို လုပ်ရပ်ကို ဘယ်သူမှ မထင်မှတ်ထာကြပါဘူး ။ သူငယ်ချင်းတွေအားလုံး အံ့သြသင့်ပြီး လိုက်တားလိုက်ပေမယ့် မမှိတော့ပါ ။ ညိုညို ကတော့ လုပ်ပြီးသွားပြီ ။ သူမလုပ်လိုက်တဲ့ လုပ်ရပ်ကို သူမ ကျေနပ်ပြီးပြုံးနေတယ် ။ သူမလက်မှာတော့ သွေးတွေပေကျံနေတယ် ။ ကြွက်ကလေးတစ်ကောင်ကတော့ သွေးတွေ ပေကျံ ပြီး တကျီကျီအော် ကာထွက်ပြေးသွားလေပြီ ။ သူငယ်ချင်းတွေ အားလုံးကလည်း သူမ ဒီလိုလုပ်လိမ့်မယ်လို့ လုံးဝမထင်ထားကြပါဘူး ။ ထောင်ခြောက်ထဲမိနေသော ကြွက်ကိုယူပြီး နှုတ်ခမ်းကို ဓားနဲ. လှီးပြီး ပြန်လွှတ်လိုက်တယ်လေ ။
`` နင်တော်တော်ဆိုးတာဘဲ ညိုညို ´´
`` ငါ က ဘာဆိုးလို.လဲ ။ အဲဒီကြွက်ကပိုဆိုးတာ အဲဒီကောင်က ငါ့စာအုပ်တွေကိုလည်း ကိုက်တယ် ၊ ပြီးတော. ငါ့မုန်.တွေကိုလည်း ခဏ ခဏ ခိုးစားတယ်လေ ၊ ဒီကြွက်ကို ငါကြည်.မရတာကြာပြီ ။ ဒါကြောင့်လုပ်လိုက်တာ ။´´
``ဒါပေမယ့် ဒိလိုတော.မလုပ်သင်.ဘူးလေ ။ ကြွက်က ဘာမှမသိတာ ´´
`` ဟုတ်တယ် ။ နင်ဒီလိုမလုပ်သင့် ဘူးလေ ´´
``နင် တစ်ခါတည်း သတ်ရင်သတ်လိုက် ပါလား ။ အခုတော့ တော်တော်နာနေရှာမှာဘဲနော် ´´
`` ဟုတ်တယ် နင်ဝဋ်လည်မှာ ကိုမကြောက်ဘူးလား ညိုညို´´
``နင်ဝဋ်လည်လိမ့်မယ် ´´
သူငယ်ချင်းတွေ တစ်ယောက်တစ်ပေါက် ပြောဆိုနေတာကို ဂရုမစိုက်ဘဲ လှည့် ထွက်သွားပြီး သူမလက်နဲ. ဓားမှာပေကျံနေသော သွေးတွေကို ရေဆေးနေပါသည် ။ သူမဒီလိုလုပ်ခဲ့တဲ့ အကုသိုလ်ကံ က ဒီဘ၀မှာတင် ၀ဋ်လည်လိမ့်မယ် လို့ ဘယ်သူမှ မထင်ခဲ့ပါဘူး ။ ညိုညို ကိုယ်တိုင်လည်း မထင်ခဲ. ပါဘူး ။ တကယ်လို့ ဒီဘ၀မှာတင် ၀ဋ်လည်မယ်ဆိုတာကိုသာ သူမသိခဲ့ရင် သူမလုံးဝလုပ်ခဲ့မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် အရာရာဟာ ဖြစ်ပြီးသွားပြီ ။ ပြန်လှည့်လို့ မရတော.ပါ ။
@@@@@@@@@@@@@@@@@@@@@@@@@@
နှစ်တွေ လတွေ အလီလီ ပြောင်းသွားခဲ့လေပြီ ။ ညိုညို တစ်ယောက်လဲ ယောင်္ကျား ရပြီး ကိုယ်ဝန်ရင့်မာကြီးနဲ.ဖြစ်နေလေပြီ ။ မကြာခင်မွေးတော့မယ့် ညိုညို တစ်ယောက် သူမလုပ်ခဲ့တဲ့အကုသိုလ်အပြစ်တစ်ခုကို သတိမရတော့ပါ ။ သူမက သူမရဲ့ အပြစ်ကို မေ့ပျောက်နေပေမယ့် အကုသိုလ်ကံ ကတော့ သူမကို မမေ့ပျောက်ပါဘူး ။ ညိုညို သမီးလေးကို မွေးတဲ.ရက်မှာဘဲ အားလုံးအံ့သြသင့်သွားကြပါတယ် ၊၊ သမီးလေးရဲ့အပေါ် နှုတ်ခမ်းက ဟက်တက်ကွဲနေတယ် ။ ညိုညို လုပ်ခဲ့တဲ့အကုသိုလ်ကံ ကို သမီးလေးခံရလေပြီ ။ ညိုညိုတစ်ယောက်နောင်တရလို့ မဆုံးတော့ပေ ။ သမီးမိန်းကလေးဆိုတော့ အလှအပမက်တာပေါ့ ။ ပိုဆိုးတာက သနပ်ခါးလိမ်းပြီးရင် နှုတ်ခမ်းနီ မဆိုးရမနေနိုင်ဘူး ။ သနပ်ခါးလိမ်းပြီးတိုင်း သူ့အမေကို နှုတ်ခမ်းနီ ဆိုးခိုင်းတယ် ။ နှုတ်ခမ်းက ကွဲနေတော့ သူမျဘးတွေလို ဘယ်လှမှာလဲ ။ သူ့ကိုယ်သူ မှန်ထဲပြန်ကြည့်ပြီး စကားမပီကလာ ပီကလာလေးနဲ့
`` မေမေ တမီးက နထမ်းနီ ရှိုးယင် ဘာရို.မလှတာလဲဟင်´´
`` သမီးနှုတ်ခမ်းက ကွဲနေတာကို သမီးရဲ့´´
`` တမီး နထမ်းက ဘာရို့ ကွဲနေတာလဲဟင် ။ တူများတွေ နထမ်းက မကွဲဘူး ။ မေမေ့နထမ်းလည်းလှတယ် ။ ဖေဖေ့ နထမ်း လည်းလှတယ် တမီး နထမ်းက ဘာရို့မလှတာလဲ ဟင်....မေမေ´´
ညိုညိုတစ်ယောက် ဘာပြောရမှန်းကိုမသိတော.ပါဘူး ။ သူမ ၇င်နင့်ရလေပြီ ။ သူမလုပ်ခဲ့တဲ့ အပြစ်က သူမ မခံ ရဘဲ သမီးလေးခံ၇တယ်ဆိုတော့ ယူကြုံးရလို့ မဆုံး ၊ နောင်တရလို့မဆုံးပေ ။
``သမီးရေ ... မေမေ့ အပြစ်တွေပါ မေမေ့ကို ခွင့်လွှတ်ပါ မေမေသာ ဒီလိုမလုပ်ခဲ.ဘူးဆိုရင် သမီးလည်း ဒီလိုဖြစ်စရာအကြောင်းမရှိပါဘူး ။ မေမေ့ရဲ့အမှားတစ်ခုက ဒီလိုဖြစ်မယ်မှန်းသိခဲ.မယ်ဆိုရင် မေမေ မလုပ်ခဲ.ပါဘူး ။ အခုတော့ မေမေ့ကြောင့်သမီးလေးဖြစ်ရတာပါ.....´´
ညိုညို ၇ဲ.ပါးပြင်မှာ မျက်ရည်တွေ လိမ့်ဆင်းလာပြီး စိတ်ထဲကနေ သမီးလေးခွင့်လွှတ်ဖို့တောင်းပန်နေပါတယ် ။ သူမရဲ့အပြစ်ကိုလည်း နောင်တရနေတယ် ။ ဟိုတစ်ချိန် သူမလုပ်ခဲ.တုန်းက ဘာမှမဟုတ်တဲ့ စိတ်ကျေနပ်မှုလေးက အခုဝမ်းနည်း၇တာနဲ့ဘာမှမဆိုင်ပါ ။ ညိုညို တစ်ယောက်ကောင်းကောင်း ကြီးသင်ခန်းစာရလိုက်ပါပြီ.........။
`` ၀ဋ်ဆိုတာ နောင်ဘ၀မှာတင် မဟုတ်ပါဘူး ဒီဘ၀မှာတင် ချက်းချင်း လည်တတ်ပါလား ။ ကြောက်စရာကောင်းလိုက်တာနော်.......´´

အဖေမရှိသောသားတစ်ယောက်ထံမှပေးစာ........
ဖေဖေ........
အဖေတိုင်းကသားသမီးတိုင်းကို ချစ်တယ်ဆို တကယ်ေ၇ာဟုတ်ရဲ.လား........သားတော.မထင်ဘူး ဖေဖေ......
သူများတွေအတွက်တော့ဟုတ်ချင်ဟုတ်မှာပေါ့............သားအတွက်တော. မဟုတ်ဘူး ဖေဖေ.....................
ဖေဖေ ကသားကိုတကယ်ချစ်တယ်ဆိုရင် ဘာလို့ အခုအချိန်ထိ သားကို လာမတွေ့တာလဲ........
ဒီလောကကြီးထဲမှာ ဖေဖေရှိသေးတယ်ဆိုရင် သားကိုတစ်ခါလောက်တော့လာတွေ့သင့်တာပေါ့ ဖေဖေ......
ဖေဖေ မေမေ့ကိုဘယ်လောက်ပဲမုန်းမုန်း ကိုယ့်သားကိုတော့ မမုန်းသင့်ပါဘူး...........
ငယ်ငယ်ကတည်းက အဖေ့မေတ္တာ၊ အဖေ့ဂရုဏာ ၊ အဖေ့ရဲ့ဂရုစိုက်မှုတွေ ကိုသားတစ်ခါမှ မရရှိခဲ.ပါဘူး........
ပတ်ဝန်းကျင်က အဖေမရှိတဲ.သားလို့ အပြောခံရတိုင်း အမေ့ကိုမေးခဲ့တယ် အဖေဘယ်မှာလဲ.....အဖေ့ကိုခေါ်ပေးပါ လို.ပြောတိုင်း အရိုက်ခံရတဲ.အတွက်
ဖေဖေ့အကြောင်းကိုမမေးရဲဘဲ သားတို့ကိုပစ်သွားတဲ. ဖေဖေကိုတောင်မုန်းမိလာတယ်........ဖေဖေမ၇ှိဘဲ ရှင်သန်လာခဲ.ရတဲ.ဘ၀မှာ
အမေ့ရဲ့မေတ္တာ ၊ အမေ့ရဲ့ဂရုဏာ ၊ အမေ့ရဲ့သွန်သင်မှုတွေနဲ့ဘဲ ကြီးပြင်းလာခဲ.ရပါတယ်...........
အဖေဆိုတာ မလိုအပ်တော့ဘူးလို့တောင် တခါတလေ ထင်မိလာတယ်..........သူများတွေပြောတဲ့ အဖေအကြောင်းတွေ ၊
အဖေအကြောင်းကဗျာတွေကိုလည်း သားမခံစားတတ်ဘူး ဖေဖေ........သားမကြားချင်ဆုံး အကြောင်းက သူငယ်ချင်းတွေ က
သူတို.အဖေအကြောင်းကိုပြောတာဘဲ ဖေဖေ....... အဲဒါဘာလို.လည်းသိလား သားမှာပြောစရာ အဖေအကြောင်းမရှိလို.ဘဲ............
အခုအချိန်ထိ သား အဖေဟာဘယ်လိုလူမျိုးလဲ.....ဘယ်လိုပုံစံလဲ......ဆိုတာ သားမသိဘူး......သားသိတာတစ်ခုကတော့
အဖေ့နာမည်ဘဲ ဖေဖေ...........သားသိချင်လို. အမေ့ကိုမေးတိုင်းလည်း ဖေဖေ အကြောင်းကို အမေတစ်ခါမှမပြောဘူး........
ဖေဖေ နဲ့ မေမေ တို့နှစ်ယောက်အမုန်းကြားမှာ သားကတော့ အဖေ့မေတ္တာကို ငတ်မွတ်ပြီးကြီးပြင်း လာခဲ့တာပါ ဖေဖေ.......
ငယ်ငယ်တုန်းက ဖေဖေ့ ကိုခဏခဏတောင့်တမိတယ်.....ဖေဖေရောက်လာခဲ့ရင်ကောင်းမှာဘဲလို့.......
ဒါပေမယ်.သားရဲ့ဆန္ဒ မပြည့်ဝခဲ့ပါဘူး .... နောင်လည်းပြည်.၀ဘာလိမ့်မယ်လို့ သားမထင်ပါဘူး ဖေဖေ.......
သားရဲ့ရှေးဘ၀က၀ဋ်ကြွေးကြောင့်လို့ဘဲထင်ပါတယ် ဖေဖေ.....
ဒီဘ၀မှာ ဖေဖေ့မေတ္တာကို မ၇၇ှိခဲ့ပေမယ့် နောင်ဘ၀ကြရင် ဖေဖေ့မေတ္တာကို ရရှိဖို့ ဆုတောင်းနေတယ် ဖေဖေ......
သူများတွေလည်းသားလို မဖြစ်ပါစေနဲ့လို့ဆုတောင်းမိတယ်......
သားအကြောက်ဆုံး ရက်တစ်ရက်ရှိတယ် ဖေဖေ ..... အဲဒီနေ့က အဖေများနေ့ဘဲ......အဲဒီနေ့ကိုရောက်မှာသားအရမ်ကြောက်တယ်....
အဲဒီနေ့ရောက်တိုင်း သားဘာလုပ်လို့လုပ်ရမှန်းမသိဘူး......အရမ်းအထီးကျန်ပြီး ၀မ်းနည်းတယ် ဖေဖေ......
အဲဒီအချိန်မှာ ဖေဖေ ကပျော်နေမှာလားမသိဘူး.....ဖေဖေပျော်နေပါစေလို့လည်းဆုတောင်းပေးပါတယ်......
ဒီလောကကြီးထဲမှာ ဖေဖေရှိသေးတယ်ဆိုရင် အဖေ့သားကို တစ်ခါလောက်လာတွေ့ပါလားဖေဖေ....သားတောင်းဆိုပါတယ်..
ဖေဖေက သားကိုတကယ်ချစ်တယ်ဆိုရင် လာတွေ့သင့်တယ်လို့ သားထင်ပါတယ်.....ဖေဖေက သားကိုမတွေ့ချင်ဘူးဆိုလည်း ထားလိုက်ပါတော့
သားမပြောလိုတော့ပါဘူး.....................ဖေဖေကျန်းမာပါစေလို့ဆုတောင်းလျှက်....................
ဖေဖေရဲ့မေတ္တာကိုငတ်မွတ်နေတဲ.
``သား´´

မုန်းတယ်......မုန်းတယ်......
ငါ့ မင်းကို အရမ်းမုန်တယ်....... တစ်ချိန်ကအရမ်းချစ်ခဲ့ သမျှ အခုတော. ငါ မင်းကို အရမ်းမုန်းတယ်.........
ဟိုတစ်ချိန်က ငါ၇င်ထဲမှာ မင်းအတွက်ချိုမြိန်တဲ.အချစ်တွေဘဲ ပြည့်နေခဲ့တယ်.........
ဒါပေမယ့် အခုချိန်မှတော့ ခါးသီးတဲ.အမုန်းတွေဘဲ ရှိတယ်......
အဲဒါဘာကြောင်.လဲ......အဲဒါမင်းကြောင်.ဘဲ.......ရက်စက်တတ်တဲ့မင်းကို ငါ အရမ်းမုန်းတယ်......
မင်းဘာကြောင့် ဒီလိုရက်စက်တတ်တာလဲ.....ဘယ်နှစ်ယောက်တောင် မင်းရက်စက်လိုက်ပြီလဲ.....
ငါကမင်းရဲ.န့ပါတ်စဉ်ဘယ်လောက်လဲ.......ယောင်္ကျားတွေရဲ. အသဲကိုကစားဖို.အတွက်မင်းမွေးဖွားလာတာလား......
ယောင်္ကျားတွေရဲ. အသဲကိုကစားရမှာပျော်တတ်တဲ့မင်းကိုငါမုန်းတယ်.......
ဘယ်လောက်ထိ မင်းကိုငါမုန်းလဲဆိုရင် လမ်းမှာမျက်နှာချင်းဆိုင်တွေ.ခဲ့ရင်တောင် အဲဒီလမ်းကိုငါနောက်တစ်ခါ
ဘယ်တော့မှမသွားတော.ဘူး.........အိပ်မက်ထဲဝင်လာရင်တောင်မှ ငါမျက်နှာသစ်ပြီး ဆက်မအိပ်ဘဲနေလိုက်မယ်.....
နောက်တစ်ခါ အိပ်မက်ထဲဝင်လာမှာစိုးလို့.....တိုက်ဆိုင်မှုလေးတွေ၇ှိတိုင်း မင်းကိုသတိရမိတဲ့ ငါကိုယ်ငါလည်းမုန်းတယ်.....
မင်းအရမ်းကြိုက်တဲ. coffee ခါးခါးကိုလည်းမုန်းတယ်..........မင်းနဲ.ပတ်သက်တဲ့အရာအားလု့ံ့းကိုမုန်းတယ်........
မင်းအတွက် ပေးဆပ်ခဲ့၇တဲ့ အချိန်တွေရယ်....ငါရဲ့အချစ်တွေကို ငါနှမြောတယ်......
မင်ကအရမ်းလှ သလောက် အ၇မ်းကြောက်ဖို့ကောင်းတဲ.မိန်းမဘဲ....
ငါလေ မင်းကြာင့် မိန်းမတွေကိုတော်တော် ကြောက်သွားပြီ......
ငါ့ရဲ. ပထမဆုံးအချစ်က ဘာကြောင့်မင်းနဲ.မှလာဆုံရတာလဲ....ငါညံ့လို့ငါခံရတယ်ဘဲ ထားလိုက်ပါတော့.....
မင်းကိုငါ စေတနာနဲ.သတိပေးလိုက်မယ်....မင်းသတိထားပါ.....မင်းထက်လျင်တဲ.လူနဲ.တွေ့ရင် မင်းခံ၇လိမ့်မယ်......
မင်းဝဠ်မလည်ပါစေနဲ.လို့ ငါ့ရဲ့နောက်ဆုံးလက်ကျန် အချစ်နဲ.ဆုတောင်းပေးလိုက်ပါတယ်......

Subscribe to:
Posts (Atom)