``ဟေ့´´
``ဟာ! မလုပ်နဲ.လေ ညိုညို´´
``အို! ဘယ်လိုလုပ်လိုက်တာလဲ ´´
ကစားနေရင်းကနေ လုပ်လိုက်တဲ့ ညိုညို လုပ်ရပ်ကို ဘယ်သူမှ မထင်မှတ်ထာကြပါဘူး
။ သူငယ်ချင်းတွေအားလုံး အံ့သြသင့်ပြီး လိုက်တားလိုက်ပေမယ့် မမှိတော့ပါ ။
ညိုညို ကတော့ လုပ်ပြီးသွားပြီ ။ သူမလုပ်လိုက်တဲ့ လုပ်ရပ်ကို သူမ
ကျေနပ်ပြီးပြုံးနေတယ် ။ သူမလက်မှာတော့ သွေးတွေပေကျံနေတယ် ။
ကြွက်ကလေးတစ်ကောင်ကတော့ သွေးတွေ ပေကျံ ပြီး တကျီကျီအော်
ကာထွက်ပြေးသွားလေပြီ ။ သူငယ်ချင်းတွေ အားလုံးကလည်း သူမ
ဒီလိုလုပ်လိမ့်မယ်လို့ လုံးဝမထင်ထားကြပါဘူး ။ ထောင်ခြောက်ထဲမိနေသော
ကြွက်ကိုယူပြီး နှုတ်ခမ်းကို ဓားနဲ. လှီးပြီး ပြန်လွှတ်လိုက်တယ်လေ ။
`` နင်တော်တော်ဆိုးတာဘဲ ညိုညို ´´
`` ငါ က ဘာဆိုးလို.လဲ ။ အဲဒီကြွက်ကပိုဆိုးတာ အဲဒီကောင်က
ငါ့စာအုပ်တွေကိုလည်း ကိုက်တယ် ၊ ပြီးတော. ငါ့မုန်.တွေကိုလည်း ခဏ ခဏ
ခိုးစားတယ်လေ ၊ ဒီကြွက်ကို ငါကြည်.မရတာကြာပြီ ။ ဒါကြောင့်လုပ်လိုက်တာ ။´´
``ဒါပေမယ့် ဒိလိုတော.မလုပ်သင်.ဘူးလေ ။ ကြွက်က ဘာမှမသိတာ ´´
`` ဟုတ်တယ် ။ နင်ဒီလိုမလုပ်သင့် ဘူးလေ ´´
``နင် တစ်ခါတည်း သတ်ရင်သတ်လိုက် ပါလား ။ အခုတော့ တော်တော်နာနေရှာမှာဘဲနော် ´´
`` ဟုတ်တယ် နင်ဝဋ်လည်မှာ ကိုမကြောက်ဘူးလား ညိုညို´´
``နင်ဝဋ်လည်လိမ့်မယ် ´´
သူငယ်ချင်းတွေ တစ်ယောက်တစ်ပေါက် ပြောဆိုနေတာကို ဂရုမစိုက်ဘဲ လှည့်
ထွက်သွားပြီး သူမလက်နဲ. ဓားမှာပေကျံနေသော သွေးတွေကို ရေဆေးနေပါသည် ။
သူမဒီလိုလုပ်ခဲ့တဲ့ အကုသိုလ်ကံ က ဒီဘ၀မှာတင် ၀ဋ်လည်လိမ့်မယ် လို့ ဘယ်သူမှ
မထင်ခဲ့ပါဘူး ။ ညိုညို ကိုယ်တိုင်လည်း မထင်ခဲ. ပါဘူး ။ တကယ်လို့ ဒီဘ၀မှာတင်
ဝဋ်လည်မယ်ဆိုတာကိုသာ သူမသိခဲ့ရင် သူမလုံးဝလုပ်ခဲ့မှာ မဟုတ်ပါဘူး ။
ဒါပေမယ့် အရာရာဟာ ဖြစ်ပြီးသွားပြီ ။ ပြန်လှည့်လို့ မရတော.ပါ ။
@@@@@@@@@@@@@@@@@@@@@@@@@@
နှစ်တွေ လတွေ အလီလီ ပြောင်းသွားခဲ့လေပြီ ။ ညိုညို တစ်ယောက်လဲ ယောင်္ကျား
ရပြီး ကိုယ်ဝန်ရင့်မာကြီးနဲ.ဖြစ်နေလေပြီ ။ မကြာခင်မွေးတော့မယ့် ညိုညို
တစ်ယောက် သူမလုပ်ခဲ့တဲ့အကုသိုလ်အပြစ်တစ်ခုကို သတိမရတော့ပါ ။ သူမက သူမရဲ့
အပြစ်ကို မေ့ပျောက်နေပေမယ့် အကုသိုလ်ကံ ကတော့ သူမကို မမေ့ပျောက်ပါဘူး ။
ညိုညို သမီးလေးကို မွေးတဲ.ရက်မှာဘဲ အားလုံးအံ့သြသင့်သွားကြပါတယ် ၊၊
သမီးလေးရဲ့အပေါ် နှုတ်ခမ်းက ဟက်တက်ကွဲနေတယ် ။ ညိုညို လုပ်ခဲ့တဲ့အကုသိုလ်ကံ
ကို သမီးလေးခံရလေပြီ ။ ညိုညိုတစ်ယောက်နောင်တရလို့ မဆုံးတော့ပေ ။
သမီးမိန်းကလေးဆိုတော့ အလှအပမက်တာပေါ့ ။ ပိုဆိုးတာက သနပ်ခါးလိမ်းပြီးရင်
နှုတ်ခမ်းနီ မဆိုးရမနေနိုင်ဘူး ။ သနပ်ခါးလိမ်းပြီးတိုင်း သူ့အမေကို
နှုတ်ခမ်းနီ ဆိုးခိုင်းတယ် ။ နှုတ်ခမ်းက ကွဲနေတော့ သူမျဘးတွေလို ဘယ်လှမှာလဲ
။ သူ့ကိုယ်သူ မှန်ထဲပြန်ကြည့်ပြီး စကားမပီကလာ ပီကလာလေးနဲ့
`` မေမေ တမီးက နထမ်းနီ ရှိုးယင် ဘာရို.မလှတာလဲဟင်´´
`` သမီးနှုတ်ခမ်းက ကွဲနေတာကို သမီးရဲ့´´
`` တမီး နထမ်းက ဘာရို့ ကွဲနေတာလဲဟင် ။ တူများတွေ နထမ်းက မကွဲဘူး ။
မေမေ့နထမ်းလည်းလှတယ် ။ ဖေဖေ့ နထမ်း လည်းလှတယ် တမီး နထမ်းက ဘာရို့မလှတာလဲ
ဟင်....မေမေ´´
ညိုညိုတစ်ယောက် ဘာပြောရမှန်းကိုမသိတော.ပါဘူး ။ သူမ ၇င်နင့်ရလေပြီ ။
သူမလုပ်ခဲ့တဲ့ အပြစ်က သူမ မခံ ရဘဲ သမီးလေးခံ၇တယ်ဆိုတော့ ယူကြုံးရလို့ မဆုံး
၊ နောင်တရလို့မဆုံးပေ ။
``သမီးရေ ... မေမေ့ အပြစ်တွေပါ မေမေ့ကို ခွင့်လွှတ်ပါ မေမေသာ
ဒီလိုမလုပ်ခဲ.ဘူးဆိုရင် သမီးလည်း ဒီလိုဖြစ်စရာအကြောင်းမရှိပါဘူး ။
မေမေ့ရဲ့အမှားတစ်ခုက ဒီလိုဖြစ်မယ်မှန်းသိခဲ.မယ်ဆိုရင် မေမေ မလုပ်ခဲ.ပါဘူး ။
အခုတော့ မေမေ့ကြောင့်သမီးလေးဖြစ်ရတာပါ.....´´
ညိုညို ၇ဲ.ပါးပြင်မှာ မျက်ရည်တွေ လိမ့်ဆင်းလာပြီး စိတ်ထဲကနေ
သမီးလေးခွင့်လွှတ်ဖို့တောင်းပန်နေပါတယ် ။ သူမရဲ့အပြစ်ကိုလည်း နောင်တရနေတယ် ။
ဟိုတစ်ချိန် သူမလုပ်ခဲ.တုန်းက ဘာမှမဟုတ်တဲ့ စိတ်ကျေနပ်မှုလေးက
အခုဝမ်းနည်း၇တာနဲ့ဘာမှမဆိုင်ပါ ။ ညိုညို တစ်ယောက်ကောင်းကောင်း
ကြီးသင်ခန်းစာရလိုက်ပါပြီ.........။
`` ၀ဋ်ဆိုတာ နောင်ဘ၀မှာတင် မဟုတ်ပါဘူး ဒီဘ၀မှာတင် ချက်းချင်း လည်တတ်ပါလား ။
ကြောက်စရာကောင်းလိုက်တာနော်.......´´
No comments:
Post a Comment