တစ်နေ့ အလုပ်ကပြန်အလာမှာ
စာတစ်စောင်ကောက်ရလို့ဖတ်ကြည်.လိုက်တော့ကျွန်တော်မှာငိုရမလိုရယ်ရမလို
ဘယ်လိုပြောရမယ်မှန်းတောင် မသိတော.ဘူး .......သူငယ်ချင်းများကိုလည်း
ဖတ်ရအောင် ဝေမျှပေးလိုက်ပါတယ်......
သို့
မေ့ကိုမေ့သွားသောမောင်
မမေ့သေးသော မေစာရေးလိုက်တယ်...........
သုံးနှစ်သုံးမိုး မေ့ဆီကို စာလေးတစ်စောင်တောင် မရေးဘဲ မေ.ကို မေ့နေပြီလား
မဟုတ်လား..... မေကတော့ မောင့်ကို
တစ်နေကမှမေ့လို့မရပါဘူး........စားတဲ.အချိန်လည်း
မောင့်ကိုသတိရတယ်........အိပ်တဲ့အချိန်လည်း
မောင်.ကိုသတိရတယ်........ကုန်ကုန်ပြောရရင်
အိမ်သာတက်လည်းမောင့်ကိုသတိရတယ်........မောင့်ကိုသတိရတိုင်း ရွာထိပ်က
ဘုရားကိုသွားပြီးမောင် မြန်မြန်ပြန်လာပါစေ၊ မောင်အဆင်ပြေပါစေလို့
ဆုတောင်းဖို.သွားရလွန်းလို့ရွာထိပ်ကို သွားတဲ.လမ်းတောင် မြောင်းကြီး
ဇြစ်သွားပြီ..... မောင်ကတော. ရန်ကုန်မြို.ကြီးမှာ
မလုံ့တလုံ့ဝတ်ထားတဲ.ကောင်မလေး ချောချောလေး တွေကိုမြင်ပြီးမေ.ကို မေ့သွားပြီ
မဟုတ်လား.....
မေကတော့မောင့်ကိုချစ်လိုက်ရတာ မောင်လို့ အဖေမ၇ှိ အမေ
မရှိ ၊တစ်ကောင်ကြွက် ၊မျက်နှာမွဲ ၊ ဘုန်းကြီးကျောင်းသား ကိုအများက
မကြိုက်ပါနဲ.လို့ တားခဲ့တာတောင် မေ
ကမောင့်ကိုချစ်ခဲ့ပါတယ်......မောင်ပြောတော့
ရန်ကုန်ဲမို.ကြီးကိုမသွားချင်ပါဘူးဆို
.....မေကတောင်အတင်းပြောပြီးလွှတ်ရတယ်လေ.....ပညာရေးဘဲကြိုးစားမယ်ဆိုပြီးထွက်သွားပြီးတော့...အခုတော.ကောင်မလေးပိန်ပိန်
ကပ်ကပ်လေးတွေနဲ. လျှောက်သွားနေတယ်ဆို......မေ့မှာတော့ရွာမှာ မေ့ကို
ချစ်လှပါ ရဲ့ကြိုက်လှပါရဲ့ဆိုပြီးအနားကပ်လာတဲ့
သူကြီးသားတွေကိုတောင်တစ်ယောက်မှ အနားကပ်မခ့ပါဘူး.....ရန်ကုန်မြို.က
မိန်းကလေးတွေလည်းတော်တော်ဘဲ မပြောလိုက်ချင်ဘူး....မောင့်လိုပိုက်ဆံမရှိ ၊
ရုပ်မချောတဲ.လူကိုမျာားကိုက်ကြတယ်လို့......မေက မောင့်ကို
ရန်ကုန်မြို.ကကောင်မလေးတွေကြိုက်မှာမဟုတ်ဘူးဆိုပြီးလွှတ်လိုက်တာပါ......ကြိုက်မယ်မှန်းသိ၇င်မလွှတ်ပါဘူး.....မောင်ရေ.....ရန်ကုန်မြို.က
ပိန်ပိန်ကပ်ကပ်ကောင်မလေးတွေကိုမေ.ပြီး....လှလှပပ၀၀တုတ်တုတ်
ကွမ်းတောင်ကိုင် မေ့ ဆီကို အမြန်ပြန်လာပါနော်.......
မေ့ ကိုမေ့ နေသော မောင့်ကို သုံးနှစ်သုံးမိုး မမေ့ သေးတဲ.မေ
စောင်.မျှော်နေပါတယ်.....
No comments:
Post a Comment